MFA နှင့် RCJ တို့ပူးပေါင်း၍ တိုယိုတာအထောက်အပံ့ဖြင့် Sustainable Mangrove based livelihoods in U Do စီမံကိန်း အား (2017 ဇန်နဝါရီမှ 2018 ဒီဇင်ဘာလအထိ) ဆောင်ရွက်ရန် ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာတွင် စီမံကိန်းကာလ ပြီးဆုံးရန် ၃ လခန့်အလိုတွင် ဂျပန်နိုင်ငံ RCJ အဖွဲ့မှ ခေါင်းဆောင်၍ တိုယိုတာကုမ္ပဏီမှ ကိုယ်စားလှယ်အပါအဝင် စုစုပေါင်း ၇ ဦးပါဝင်သောအဖွဲ့(5 Japanese & two from Nepal and Thailand) သည် (18-9-2018)နေ့တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။(20-9-2018)နေ့တွင် စီမံကိန်းဧရိယာ ဖြစ်သော ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဥတိုဒေသသို့ ကွင်းဆင်းစစ် ဆေးပြီး (21-9-2018)နေ့တွင် MFA ရုံး၌ ၎င်းတို့၏ တွေ့ရှိသုံးသပ် ချက်များကို အသင်း၏တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကြပါသည်။


စီမံကိန်းလုပ်ငန်းများအပေါ် အားရကျေနပ်မှုရှိကြောင်းနှင့် ဤ စီမံကိန်းအားဆက်လက်ဆောင်ရွက်နိုင်ရန် Donar အဖွဲ့အစည်းများ ထံ ဆက်သွယ်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်းကို ၎င်းတို့၏ ထုတ် ဖော်ပြောဆိုသုံးသပ်ချက်များအရ သိရှိခဲ့ရပါသည်။ မိမိတို့ မြန်မာနိုင်ငံ သစ်တောအသင်းသည် ဒီရေတောများထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။


ဤစီမံကိန်းအား ဦးမျိုးလွင် (ညွှန်ကြားရေးမှုး -ငြိမ်း- ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန)မှ Project Director အဖြစ်တာဝန် ယူဆောင်ရွက်၍ ဦးစိုးမြင့်(ဦးစီးအရာရှိ-ငြိမ်း) မှ Field Manager အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် Mangrove Conservation ကိစ္စရပ်များကို စိတ်စေတနာအပြည့်ဖြင့် Conservator ဟုခေါ်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ တနည်း အားဖြင့် MFA သည် Conservator များနှင့် စုစည်းထားသော အဖွဲ့ဖြစ်ကြောင်း သက်သေပြသလိုဖြစ်သည်။