မြန်မာနိုင်ငံ၏ သစ်တောများပြုန်းတီးရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုဖြစ်သော ထင်းမီးသွေး လောင်စာ (wood energy) ကို household sector နှင့် Cottage industry sector နှစ်ခုလုံးမှ သုံးစွဲနေကြသည့် ကိစ္စ ရပ်ကိုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခဲ့ရာတွင် နှစ်စဉ်သစ်ပင်ပေါင်း သန်း၆၀ မှသန်း၆၀၀ အထိ ခုတ်လှဲသုံးစွဲနေကြောင်းနှင့် သစ်တောပြန်လည်ထူထောင်ရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်တွင် ထင်းအစား အခြားလောင်စာ alternative energy (electricity, natural gas, solar, wind, etc.) စသည်ဖြင့်ပြောင်းလဲအသုံးချရန် ကျင်းပသည့် အထက်ပါအလုပ်ရုံဆွေးနွေးပွဲကို ယခုထက် အများပြည်သူ အလွယ်တကူလာရောက်ဆွေးနွေးနိုင်သည့်နေရာမျိုးတွင်ပိုမိုပြည့်စုံသည့်အခင်းအကျင်းများဖြင့်ထပ်မံကျင်းပသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။
၎င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသစ်တောအသင်း MFA ကိုယ်စား မိမိ မှ Biomass based cooking status in Myanmar ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ဖတ်ကြားတင်ပြခွင့်ရှိခဲ့ပါသည်။





