15.1.2020 ရက်နေ့တွင် MFA ရုံးခန်း၌ အထက်ဖော်ပြပါ ကော်မတီတွင် ကိုယ်စားလှယ်ရွေးချယ်ခြင်း နှင့်သက်ဆိုင်သည့် အစည်းအဝေးကို နံနက် ၁၀းဝ၀ နာရီမှ ၁၂းဝ၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အရပ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် အောက်ဖော်ပြပါ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ပါသည်။

စဉ် အမည် ရာထူး အဖွဲ့အစည်း
ဦးအောင်ကျော်မြင့် Professional Translator Myanmar Forest Association
ဦးမြင့်ဦး Joint Secretary (1) MTE Ex-Employee Association
ဦးသန်းလွင် Member                     ။
ဦးနေထွန်းမင်း Chairman Bamboo & Rattan Association
ဦးကျော်သူ Patron                     ။
ဦးအောင်မြင့် Founder Renewable Energy Association Myanmar
ဦးမျိုးကိုကို Program Manager Promotion of Indigenous and Nature Together
ဦးတင်အေး Secretary Myanmar Forest Association
ဦးမြင့်လွင် Member
၁၀ ဦးဇော်မျိုးကျော် Vice- Chairman Myanmar Wood-based Furniture Association
၁၁ ဦးခင်မောင်လတ် Program Adviser Metta Development Foundation
၁၂ ဒေါ်သင်းသင်းမြ Program Director Myanmar Ceramic Society
၁၃ ဒေါက်တာမျိုးသန့်တင် President
၁၄ ဦးကျော်သူရ Managing Director Green Ethtics
၁၅ ဦးစိုးမင်းနိုင် Director

ယင်းအစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ချက် ၃ ချက် ချမှတ်နိုင်ခဲ့ပါသည်။

ဆုံးဖြတ်ချက် ၁ အနေဖြင့် ဗဟိုကော်မတီတွင် အောက်ဖော်ပြပါ လူ ပုဂ္ဂိုလ် (၆) ဦး ရွေးချယ်ခဲ့ပါသည်။

(၁) ဦးတင်အေး (Myanmar Forest Association)

(၂) ဦးခင်မောင်လတ် (Metta Development Foundation)

(၃) ဒေါက်တာမျိုးသန့်တင် (Myanmar Ceramic Society)

(၄) ဦးအောင်မြင့် (Renewable Energy Association Myanmar)

(၅) ဒေါ်ဒေဝီသန့်စင် (Myanmar Green Network)

(၆) ဦးကျော်သူ  (Bamboo & Rattan Association)

ဆုံးဖြတ်ချက် ၂ အနေဖြင့် ဗဟိုကော်မတီ အစည်းအဝေး တက်ရောက်ခွင့်ရရှိမည့် CSO ကိုယ်စားလှယ် သည် CSO (environment) များထံ အစည်းအဝေးနှင့် သက်ဆိုင်သည့် ကြိုတင်ညှိနှိုင်းခြင်း၊ ပြန်လည်ရှင်းလင်း တင်ပြခြင်းများကို ဆောင်ရွက်ရမည်။

ဆုံးဖြတ်ချက် ၃ အနေဖြင့် ပထမအဆင့်တွင် ရန်ကုန်မြို့ကို အခြေပြု၍ မှတ်ပုံတင်ပြုလုပ်ထားသော အရပ်ဖက်အဖွဲ့အစည်းများအနက် သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော အဖွဲ့အစည်းများကို ရွေးချယ် စုစည်း၍ အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေး MFA နှင့် အစည်းအဝေးတက်ရောက်သည့် လူငယ်အဖွဲ့ဝင် ၃ ဦးမှ ဦးဆောင်ဦးရွက်ပြု စတင်လှုပ်ရှားရန် စသည့် ၃ ချက်ဖြစ်ပါသည်။

ဤအစည်းအဝေးမှ ရရှိသော အကျိုးကျေးဇူးမှာ မကြာမီ ရန်ကုန်မြို့တွင် ရန်ကုန်အခြေပြု အရပ်ဖက် အဖွဲ့အစည်း (သဘာဝပတ်ဝန်းကျင်) ဟု အမည်သတ်မှတ် ဖော်ပြနိုင်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခု ပီပီပြင်ပြင် ပေါ်ပေါက်လာမည်ကို မျှော်မှန်းနိုင်ပါသည်။

ဖွဲ့စည်းပြီးသည့်အခါ အဖွဲ့ကိုယ်စားပြုနိုင်မည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကိုလည်း ရွေးချယ် တင်မြောက်ပြီး သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများကို ကျရာအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်နိုင်ခွင့်ကို ရရှိနိုင်ပါသည်။ MFA အဖွဲ့ထံ ဆက်သွယ် ပူးပေါင်းနိုင်ကြရန် နှိုးဆော်အပ်ပါသည်။