အစည်းအဝေးအခမ်းအနားအစီအစဉ်

နေ့ရက်                     –         (၁၂-၁-၂၀၂၃) ကြာသပတေးနေ့

အချိန်                      –         နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၃:၀၀) နာရီထိ

အစည်းအဝေးတက်ရောက်သူများ

လူကိုယ်တိုင်တက်ရောက်သူများ – ၁၁ ဦး

Online ဖြင့်တက်ရောက်သူများ – ၈ ဦး

ပထမပိုင်း အခမ်းအနား

 

၁။ လူမှုရေးကော်မတီဥက္ကဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခြင်း

၂။ လူမှုရေးကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်အတွင်း လှုပ်ရှား၊ ဆောင်ရွက်ခဲ့မှုအချို့ကို တင်ပြခြင်းနှင့်

  • မြန်မာနိုင်ငံသစ်တောအသင်း၏ အသင်းသားများထံမှ နှစ်စဉ်ကြေးကောက်ခံရန်နှင့် ငွေပေးသွင်းရမည့် ငွေစာရင်းအကောင့်(Account) ကို ရွေးချယ်ရန်ကိစ္စ။
  • မြန်မာနိုင်ငံသစ်တောအသင်း လူမှုရေးကော်မတီ ပြန်လည်ဖွဲ့စည်းရန်ကိစ္စကို တင်ပြခြင်း၊
  • လူမှုရေး ဆပ်ကော်မတီ၏ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းနိုင်ရန်ကိစ္စကို တင်ပြခြင်း၊
  • မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေပြာကျေးရွာရှိ ဘဝရှေ့ဆောင် စာကြည့်တိုက်အား မြန်မာနိုင်ငံသစ်တောအသင်းက ဆက်လက်ပံ့ပိုးဆောင်ရွက်သွားရန်ကိစ္စ။
  • ရေဆင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ သစ်တောပညာဌာန ရာပြည့် အစီအစဉ် အထိမ်းအမှတ် အခမ်းအနားအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းရန် အကြောင်းကြားစာ ပေးပို့ထားခြင်းကိစ္စ။

၃။ လူမှုရေးဆပ်ကော်မတီဆိုင်ရာအထွေထွေဆွေးနွေးခြင်း

၄။ လူမှုရေးဆပ်ကော်မတီ ဥက္ကဌ ဦးမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခြင်း

 

ဒုတိယပိုင်းအခမ်းအနား

 

၅။ မြန်မာနိုင်ငံသစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားခြင်း

  • မြန်မာနိုင်ငံသစ်တောအသင်း ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် ကာလတွင် ဆောင်ရွက်နိုင်မည့် အစီအစဉ်၊ အခမ်းအနားအတွက် ကြိုတင်လျာထား စီစဉ်ခြင်း
  • မြန်မာနိုင်ငံသစ်တောဦးစီးဌာန အနှစ် (၁၇၀) ပြည့် (၂၀၂၆) ခုနှစ်အကြို အထိမ်းအမှတ်စာစောင် ထုတ်ဝေဖြန့်ချိရန်အတွက် စီစဉ်၊ လှုံ့ဆော်လိုခြင်းကိစ္စ။
  • လစ်လပ်နေသော မြန်မာနိုင်ငံသစ်တောအသင်း၏ ဥက္ကဌနေရာအတွက် လျာထားရန် ဆွေးနွေးခြင်း
  • မြန်မာနိုင်ငံသစ်တောအသင်း၏ ရုံးခန်းနေရာအတွက် တိုက်ခန်းဝယ်ယူစီစဉ်နိုင်ရန်ကိစ္စ။
  • မြန်မာနိုင်ငံသစ်တောအသင်း၏ သင်းဖွဲ့စည်းမျဉ်းကို ပြင်ဆင်ဖြည့်စွက်ရန်ကိစ္စ။

၆။ အထွေထွေဆွေးနွေးခြင်း