ယခုလို နှစ်သစ်ကူး အချိန်အခါသမယမှာ မြန်မာပြည်သူအပေါင်း မျှော်လင့်ချက်အသစ်၊ လူသစ် စိတ်သစ်နဲ့ ရှေ့မှာ အကောင်းတွေကို မျှော်လင့်ပြီး တဒင်္ဂအားဖြင့်တော့ နှစ်ဟောင်းကအဖြစ်ဆိုးတွေကို ခေတ္တမေ့ပျောက်ထားပြီး Merry Christmas/ Happy New Year, ကရင်တိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးနေ့၊ ဗြိတိသျကိုလိုနီလက်အောက်ကရုံးထွက်နိုင်တဲ့နေ့တွေကို အကြောင်းပြုပြီး ဆုမွန်ကောင်းတွေတောင်းကြ မေတ္တာပို့ကြ နှုတ်ဆက်ကြ လက်ဆုံစားကြသောက်ကြနဲ့ ပျော်ရွှင်တဲ့ အချိန်ကာလလေးတစ်ခုကို တည်ဆောက်နိုင်ကြတာကတော့ နေရာတိုင်းလိုလိုပါပဲ။ အဲဒီလို စိတ်လက်ကြည်သာ ပျော်ရွှင်ချမ်းမြေ့မှု ရရှိနေတဲ့ အခိုက်အတန့်လေးကို အားပြုပြီး မိမိတို့ မြန်မာနိုင်ငံသစ်တောအသင်း Myanmar Forest Association (MFA) မှာ ၆.၁.၂၀၂၂ ခုနှစ် ကြာသပတေးနေ့တွင် ဒုတိယအကြိမ် EC အစည်းအဝေးကို ကျင်းပပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဂုဏ်ထူးဆောင်နာယကကြီး ဦးမင်းကိုကိုကြီးအပါအဝင် နာယကကြီးများဖြစ်ကြသော ဦးစိန်သက်၊ ဦးဝင်းကြည်၊ ဦးကျော်မိုး၊ ဦးအောင်ကျော်မြင့်၊ ဦးတင်ဝင်း၊ ဦးသန်းလွင်တို့ပါတက်ရောက်တဲ့ အတွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ အလုပ်အမှုဆောင်အဖွဲ့ဝင်များလည်း စုံစုံညီညီတက်ရောက် နိုင်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Zoom ဖြင့်တက်ရောက်ရန် သဘောတူညီထားပြီးဖြစ်တဲ့ ဂုဏ်ထူးဆောင်နာယက ဒေါက်တာကျော်တင့်၊ ဦးသန်းနွယ်နှင့် နာယကဦးအုန်းလွင်(၆၈)တို့လည်း မီးပျက်/လိုင်းမမိသောကြောင့် မတက်ရောက်နိုင်ခဲ့ကြပါ။ မြန်မာနိုင်ငံသစ်တောအသင်းရုံးသို့ လူကိုယ်တိုင် (၁၆) ဦး၊ Zoom Meeting ဖြင့် (၁၆) ဦး၊ စုစုပေါင်း (၃၂) ဦး အလုပ်အမှုဆောင်အစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ကြတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်အစည်းအဝေးလေးတစ်ခုဖြစ်ခဲ့ပါတယ်။

အခမ်းအနားအစီအစဉ် (၁၅) ရပ်ဖြင့် ကျင်းပြပြုလုပ်သော အစည်းအဝေးမှာ ထူးခြားချက် တစ်ရပ်အနေနဲ့ မြန်မာနိုင်ငံသစ်တောအသင်းစတင်တည်ထောင်ခဲ့သည့် ၂၀၁၃ ခုနှစ်မတ်လ(၂၈) ရက်မှ ယနေ့ထိအချိန်ကာလအတွင်း ကွယ်လွန်သွားကြရှာပြီဖြစ်သော ဂုဏ်ထူးဆောင်နာယကကြီးများ၊ နာယကကြီးများ၊ အသင်းဥက္ကဌအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်များ အသင်းသူအသင်းသားများကို မေတ္တာပို့ အမျှအတန်းပေးဝေမှုကို အာရုံပြု၍ ၁ မိနစ်ငြိမ်သက်ခြင်းအစီအစဉ်ကို ကျင်းပြပြုလုပ်နိုင်ခဲ့​ခြင်း ဖြစ်ပါတယ်။

အဓိကဆွေးနွေးကြသည့် အကြောင်းအရာများမှာ အသင်းဥက္ကဌ ဦးထွန်းပေါ်ဦးမှ အမှာစကား ပြောကြားရာတွင် ၎င်း၏မိသားစုကျန်းမာရေးအခြေအနေနှင့် ၎င်းကိုယ်တိုင်၏ ကျန်းမာရေးကို ငဲ့ညှာ ထောက်ထားသောအားဖြင့် ၂၀၂၂ ခုနှစ်အတွင်း အနားယူခွင့်ပြုပါရန် တင်ပြချက်နှင့်ပတ်သက်၍ တက်ရောက်လာကြသူများက ပြန်လည်စဉ်းစားပေးပါရန်နှင့် ဆက်လက်တာဝန်ထမ်းဆောင်ပေးရန် မေတ္တာရပ်ခံ ပြန်လည်ဆွေးနွေးကြသည့် အစီအစဉ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသင်း၏ ငွေစာ ရင်းအခြေအနေနှင့် ၉ နှစ်တာကာလအတွင်း အသင်းလုပ်ဆောင်ခဲ့သည့် စီမံကိန်းများအနေအထား လက်ရှိလုပ်ဆောင်နေဆဲ စီမံကိန်းများ၏ အခြေအနေ၊ ရှေ့ဆက်လက်လုပ်ကိုင်ခွင့်ရရှိမည့် အလားအလာ များကို အတွင်းရေးမှူးနှင့် ရုံးအဖွဲ့မှ ဆွေးနွေးတင်ပြခဲ့ခြင်းအပါအဝင် လူမှုရေးကော်မတီဥက္ကဌ ဦးမြင့်ဦး၏ လူမှုရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေတင်ပြချက် အခမ်းအနားမှုးအဖြစ် လုပ်ဆောင်သူ ဦးဌေးသန့် ခေါ် ဦးမောင်မောင်ဌေး၏ အသက် ၈၅ နှစ်နှင့်အထက် သစ်တောသိပ္ပံဘွဲ့ရ သစ်တော၊သစ်ထုတ်ဌာန နှစ်ခု မှ အငြိမ်းစားအရာရှိကြီး (၁၁) ဦးအား ကန်တော့ပွဲပြုလုပ်နိုင်ခဲ့သည့်အနေအထားနှင့်ပတ်သက်၍ တင်ပြချက် စသည့်အစီအစဉ်များကလည်း တက်ရောက်သူများမှ ပြန်လည်ဝိုင်းဝန်းဆွေးနွေးကြသည့် အဆင့်ထိ စိတ်ဝင်တစားဖြစ်စေခဲ့ပြီး MFA အသင်း၏ ရေရှည်တည်တံ့ရေးနှင့်ပတ်သက်၍လည်း ဝိုင်းဝန်းဆွေးနွေးကြသည့်အချက်အလက်များအပါအဝင် အစည်းအဝေးမှတ်တမ်းကိုလည်း လာမည့် အပတ် ဗုဒ္ဓဟူး (၁၃.၁.၂၀၂၂) နေ့တွင် အချိန်မီထုတ်ပြန်နိုင်ရန် ဦးခိုင်ဝင်းနောင်မှ ဦးစီးစီစဉ်ဆောင်ရွက် နေပြီဖြစ်ပါတယ်။

အရေးကြီးလုပ်ငန်းစဉ်အနေဖြင့်တတိယအကြိမ်မြောက် ဂုဏ်ထူးဆောင်နာယကများ၏ အမည် စာရင်းတင်သွင်းခြင်း၊ နာယကများ၏ အမည်စာရင်းတင်သွင်းခြင်း၊ အလုပ်အမှုဆောင် ၂၆ ဦး ထပ်မံအမည်စာရင်းတင်သွင်းခြင်းကို တက်ရောက်လာသူများ၏ သဘောတူညီချက်၊ ထပ်မံအမည်စာရင်းတင်ပြချက်တို့ ကို မှတ်တမ်းတင်ထားရှိနိုင်ပြီး ၂၀၂၂ ခုနှစ်အတွင်း ကျင်းပရန် ရည်ရွယ်ထားသည့် ၉ နှစ်မြောက်နှစ်ပတ် လည်အစည်းအဝေးတွင် အတည်ပြုချက်ရယူရန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အထက်ပါအကြောင်းအရာများအပါအဝင် နှစ်သစ်ကူးအချိန်ကာလတွင် မိမိအသင်း၏ အတွင်းရေးမှူးတစ်ယောက်အနေဖြင့် ပါဝင်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများကိုလည်း တစ်ပါတည်း ဖော်ပြလိုက်ပါတယ်။ ယနေ့မှ ​နေ့မှား​ပြီး အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာသည့် ဦးမောင်မောင်လွင်နှင့် နှစ်သစ်ကူးနေ့လယ်စာ သုံးဆောင်နေကြသည့်ဓာတ်ပုံလည်း ဖော်ပြလိုက်ပါတယ်။

အားလုံးကျန်းမာရွှင်လန်းနိုင်ကြပါစေ

May be an image of 10 people and people sitting

May be an image of 6 people, people sitting and outdoors

May be an image of 4 people, people sitting and indoor

May be an image of 10 people, people sitting and indoor

May be an image of 11 people, indoor and text that says 'REDMI NOTE 9S QUAD CAMERA'

May be an image of 10 people, people eating, people sitting, food and indoor

နေ့လည်တစ်နာရီမှာ စားကြရတာဆိုတော့ ဘယ်ခေါင်းဖော်နိုင်ကြပါ့မလဲ